ပေါက်ခေါင်းမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အခြေခံပညာကျောင်းများတွင်ကျင်းပ

ပေါက်ခေါင်း ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းအားကစားပြိင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်‌နေ့က စတင်ကျင်းပခဲ့‌ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် လွန်ဆွဲပြိုင်ပွဲ၊  ထုပ်ဆီးတိုးပြိုင်ပွဲ၊ မီတာ ၁၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၁၀၀ အာလူးကောက် ပြိုင်ပွဲ၊ မီတာ ၅၀ ဂုန်နီအိတ်စွပ်ပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပရာ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

သန်းထွန်းအောင်