မိုင်းကိုင် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းတွင်း ကာယ/ဉာဏ ပြိုင်ပွဲများကို ယမန်နေ့ မနက်ပိုင်းမှစ၍ ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ ပြိုင်ပွဲများတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်သန်း ဦးဆောင်၍ ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြှင့်မား လာစေရေး၊ ကျောင်းနေပျော်၍ စာတော်စေရေးအတွက် မူလတန်းကြိုအဆင့်မှ အထက်တန်းအဆင့်အထိ အပြေးပြိုင်၊ လိမ္မော်သီးကောက် ဂုန်နီအိတ်စုတ်ပြေး၊ ဘောလုံးဖောက်၊ ထုပ်ဆီးတိုး စသည့်အားကစားနည်းများဖြင့် ကာယစွမ်းရည် ယှဉ်ပြိုင်ခြင်း ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် ကျောင်းတွင်း စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြော ယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးမောင်(မိုင်းကိုင်)