လက်ပံတန်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်အမှတ် သတင်းစကား လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

လက်ပံတန်း ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်  လက်ပံတန်းမြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက် ကမ်းစာစောင် များကို ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူနှင့်၊  ပြည်သူလူထုများအား အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါ လက်ကမ်း စာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက၊ တို့များဆင်မြန်း လွတ်လပ်ရေးပန်းကဗျာ၊ ကမ္ဘာတည် သရွေ့စောင့်ရှောက်၊ ကာတွန်းများ၊ ဆောင်ပုဒ်များစသည့် အကြောင်း အရာများကို ဖော်ပြထားကြောင်းသိရသည်။

ဝင့်နန္ဒာဌေး (ပြန်/ဆက်)