နမ့်စန်(တ) ဇန်နဝါရီ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အားကစားရုံနှင့် မြို့နယ်ကျောက်တိုင် အားကစားကွင်းတို့တွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရပ်ကွက်နှင့် ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း ၁၅ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ဘောလီဘောပြိုင်ပွဲကို ရပ်ကွက်နှင့် ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း ၇ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကာ အဆိုပါ အားကစားအသင်းများ ယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သံပုံးရိုက်၊ ခေါင်းအုံးရိုက်၊ ချောတိုင်တက်၊ ပြေးခုန်ပစ် (ကျား/မ) အငယ်တန်း မီတာ (၁၀၀) ၊ မီတာ (၂၀၀) ၊ ပြေးခုန်ပစ် (ကျား/မ) အကြီးတန်း မီတာ (၁၀၀)၊ မီတာ (၂၀၀) ၊ အာလူးကောက် (မ) အငယ်တန်း နှင့် အကြီးတန်း၊ လွန်ဆွဲ (ကျား/မ)၊ သုံးချောင်းထောက် (ကျား/မ) အငယ်တန်းနှင့်အကြီးတန်း၊ အိတ်စွပ် (ကျား/မ) အငယ်တန်း နှင့်အကြီးတန်း အခြား အားကစား ပြိုင်ပွဲများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက် နေ့၌ မြို့နယ်အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီထံမှ သိရသည်။
မြို့နယ် ပြန်/ဆက်