သာယာဝတီမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

သာယာဝတီ ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ၂၀၂၂ ခုနှစ် ဇန်နဂါရီလ ၄ ရက်နေ့တွင် ကျရာက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး Talk Show အစီစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးနှင့် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး မိုးသည်းအောင်(ပန်းမြေ)နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မိုးသည်းအောင် (ပန်းမြေ) က ဆွေးနွေးရာတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သမိုင်းအကြောင်း၊ ယနေ့ ခေတ်လူငယ်များ လွတ်လပ်ရေးကို တန်ဖိုးထား ချစ်မြတ်နိုးစေလိုကြောင်း၊ လွတ်လပ်ရေးနေ့ သမိုင်းအကြောင်း၊ ကျူးကျော်စစ် သုံးကြိမ်ပေါ်ပေါက်လာမှု၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာနှင့်လွတ်လပ်ရေးနေ့ ဦးတည်ချက်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန့်ဇော်