ဒက္ခိဏသီရိ ဇန်နဝါရီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် အထက (၁၈) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဖြန့်ဝေပေးခဲ့သည်။
လက်ကမ်းစာစောင်တွင် မြန်မာလွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေး၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ တို့များဆင်မြန်းလွတ်လပ်ပန်း၊ ပြည်သူတွေရဲ့အင်အားသည်သာ အဓိက၊ ကမ္ဘာတည်သရွေ့စောင့်ရှောက် စသည့် ခေါင်းစဉ်များပါဝင်ပြီး အဆိုပါ "သတင်းစကား" လက်ကမ်း စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)