ပုသိမ်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပုသိမ်ကြီး ဇန်နဝါရီ ၃

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ် ပြန်/ဆက်ရုံးရှိ လူထုအခြေပြု ဗဟိုဌာနပံသုကျီခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူလူထု၏အကျိုးစီးပွားများကို ကာကွယ်ရန်၊ ပြည်သူအားကိုးရသည့် မီးသတ် တပ်ဖွဲ့အဖြစ် စွမ်းဆောင်ရည်မြှင့် တင်ရေးတို့ကို ကြိုးစားလေ့ကျင့် ဆောင်ရွက်သွားကြရန် အစရှိသည် တို့အား အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနေမျိုးလင်းက သင်တန်းဖွဲ့ လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းတွင် ပို့ချသင်ကြားမည့် ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်