(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်း စာစောင် ဖြန့်ဝေ

ပြင်ဦးလွင် ဇန်နဝါရီ ၃

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့မ စျေးကြီးအတွင်းရှိ စျေးသည်များအား  ဖြန့်ဝေ​ပေးခဲ့သည်။

အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်တွင် မြန်မာ့ လွတ်လပ်ရေးတစ်လျှောက် ချုပ်ဆိုခဲ့သည့် စာချုပ်များ၊ (၇၄)နှစ်မြောက် အမျိုးသားရေး ဦးတည်ချက် (၄) ရပ်၊ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်များ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင်  ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်း နှင့် သိမှတ်ဖွယ်ရာများပါဝင်ကြောင်း သိရသည်။

 ခရိုင် ပြန်/ဆက်