အလုံမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်​ရေးနေ့အထိမ်းအမှတ် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

အလုံ ဇန်နဝါရီလ ၃

မြန်မာ့လွတ်လပ်​ရေး သမိုင်း​ကြောင်းကိုသိရှိ​စေပြီး အလေးထား တန်ဖိုးထားတတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ကာ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်​မြောက် လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်ကို  ယမန်​​နေ့ ၊ နံနက်ပိုင်းက  အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေရာတွင် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာ နေရာများဖြစ်သည့် စျေး၊ လမ်းဆုံများနှင့် စာသင်ကျောင်းများသို့ သွားရောက်ကာ ပြည်သူများ ၊ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄)ရပ်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေးဆိုသည်မှာ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ အင်အားသည်သာအဓိက (နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းကောက်နုတ်ချက်များ) စာရေးဆရာ ဖိုလေးလုံးသောင်းကိုကို ရေးသားသော တို့များဆင်မြန်းလွတ်လပ်ပန်း(ကဗျာ)၊ ကမ္ဘာတည်သရွေ့ မြန်မာ့လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓါတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုစိတ်ဓါတ်တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် လွတ်လပ်ရေးနေ့ အသိပညာပေးရုပ်ပြများပါဝင်သည်။

မြို့နယ် ပြန်/ဆက်