ဒဂုံမြောက် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကျပန်း စကားပြောပြိုင်ပွဲများကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၆)ရပ်ကွက်၊ ဗိုလ်စောဦးလမ်းရှိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်စပယ်လှက စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်များ လွတ်လပ်ရေးကို လေးစားမြတ်နိုး တန်ဖိုးထားတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက် မြက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၇)ဉီး၊ ကျပန်းစကားပြော ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၅)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများက ဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)