အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် အထွေထွေအုပ်အုပ်ရေးဦးစီးဌာနရုံးရှေ့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ယနေ့ နံနက် ၄ နာရီ ၂၀ မိနစ်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် နှင့်  တာဝန်ရှိသူများက တက်ရောက်အလေးပြုကြသည်။ ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော (၇၄) နှစ်မြောက်လွတ် လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် ဖတ်ကြားသည်။
Jan 04,2022
၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ယနေ့တွင်ကျရောက်သည့်(၇၄)နှစ်‌မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်    အလံတင် အခမ်းအနား နှင့် အလံအလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၄ နာရီ၂၀ မိနစ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်‌ရောက်ခဲ့ကြပြီးမြန်မာနိုင်ငဲရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့မှနိုင်ငံတော်အလံအားအလေးပြုခြင်းများဆောင်ရွက်ခဲ့ကြသည်။
Jan 04,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့်(၇၄) နှစ် မြောက်လွတ်လပ်ရေးနေ့ ထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ရေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲနေရာများနှင့် အခြေခံပညာကျောင်းများ၌ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
Jan 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မြကျွန်းသာပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
Jan 04,2022
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်နှင့်တောင်ဥက္ကလာပမြို့နယ်တို့ပူးပေါင်း၍ တောင်ဥက္ကလာပ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် မီးသတ် စခန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
Jan 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဆုတောင်းပြည်စုံ ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး၏ ဝတ္တကမြေတွင်တည်ထား ကိုးကွယ်တော်မူမည့်  ဉာဏ်တော်(၂၇)ပေရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 04,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် ( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့ နံနက်(၇)နာရီက လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်လာသည့် ဝန်ထမ်းများ ၊အခြေခံပညာ ကျောင်းများမှဆရာ/ဆရာမများ၊ကျောင်းသား /ကျောင်းသူများ  ထံသို့ ရွှေဘိုခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
Jan 04,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၄း၂၀အချိန် တွင်ရွှေပြည်သာမြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။