ညောင်တုန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များဖြန့်ဝေ

ညောင်တုန်း ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင်များကို ဇန်နဝါရီလ ၄ရက် နံနက် ၇နာရီခွဲအချိန်က (  ၇၄ )နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ် လွှာဖတ် ပွဲ အခမ်းအနားတွင်ဖြန့်ဝေခဲ့သည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် (၂၀-၁-၁၉၄၆)ရက်‌နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်း ဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်များ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသား ရေး ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ တို့များဆင်မြန်း လွတ်လပ်ပန်းကဗျာ၊ ကာတွန်းများစသည့် အသိပညာဗဟုသုတရမည့် အကြောင်းအရာများကို ကဏ္ဍအလိုက် ပြည့်ပြည့်စုံစုံဖော်ပြထားကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)