(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းအားကစားပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲများကျင်းပ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် ဆုချီးမြှင့်ပွဲများကို ယမန်နေ့ နံနက်(၈)နာရီက မြို့ပေါ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်၏ စီမံဆောင်ရွက်မှုဖြင့် အခြေခံပညာကျောင်းအသီးသီးတွင် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အောင်ပွဲအထိမ်းအမှတ်အဖြစ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ကျောင်းအလိုက် ဆောင်ရွက်စေခဲ့ပြီး၊ ယမန်နေ့က အမှတ်(၁)အခြေခံပညာအ ထက်တန်းကျောင်း၊ လေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ မြို့မကွက်သစ် မူလတန်းလွန်ကျောင်းတို့တွင် နောက်ဆုံးပွဲစဉ်များအဖြစ်၊ မီတာ(၅၀)ကျား/မ အပြေးပြိုင်ပွဲ၊ ကျား/မ အိပ်စွပ် အပြေးပြိုင်ပွဲ၊ ဗန်းရွက်လမ်းလျှောက်ပြိုင်ပွဲ၊ ထုတ်စည်းတိုးပြိုင်ပွဲ၊ ကျားနှစ်ယောက်တွဲ ကွင်းစွပ် အပြေးပြိုင်ပွဲများနှင့် ကျား/မ လွန်ဆွဲပြိုင်ပွဲများကို ကျင်းပခဲ့ကြပြီး၊ ပြိုင်ပွဲဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်း အားကစားပြိုင်ပွဲနှင့် ဆုချီးပွဲအခမ်းအနားများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့်ဒုတိယမြို့နယ်ပညာရေးမှူး၊ လက်ထောက်ပညာရေးမှူးများ တက်ရောက် အားပေးခဲ့ ကြပြီး ဆရာ/ဆရာမများနှင့် အားကစား ဝါသနာရှင် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)