လိပ်သိုမြို့ အထကကျောင်းတွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ  ကွင်းဆင်းဆောင်ရွက်ပေး

လိပ်သို   ဇန်နဝါရီ  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်  ပန်းခင်းစီမံချက်ဖြင့်    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”  ဆောင်ပုဒ်နှင့်အညီ  ယမန်နေ့က   လိပ်သိုမြို့  အခြေခံပညာအထက်တန်းကျောင်း  အစည်းအဝေးခန်းမတွင်   ပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ထုတ်ပေးနို်ငရေး အတွက်  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သံတောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ  တာဝန်ရှိသူများက    လိပ်သိုမြို့ အခြေခံပညာ အထက်တန်း ကျောင်းမှ  အသက်(၁၆)နှစ်နှင့်‌အထက်   ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ   အသစ်ဆောင်ရွက်ပေးခြင်းတို့ကို  အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

 မြို့(ပြန်/ဆက်)