မြင်းခြံမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

မြင်းခြံ ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် (၇) နာရီအချိန်တွင် လွတ် လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကျင်းပရာ အ.ထ.က-၁ ကျောင်းဝန်းအတွင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်တွင် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ် ရေးတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးကိုကာကွယ်ရမည်၊ ပြည်သူတွေရဲ့ အင်အားသည်သာအဓိက၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်၊ တို့များဆင်မြန်း လွတ်လပ်ရေးကဗျာ၊ သွေးစည်းချစ်ကြည် လက်ချင်းဆက်၊ လွတ်လပ်ရေးသည် ဒို့အသက် ဆောင်ပုဒ်၊ လွတ်လပ်ရေးနှင့်အချုပ်အခြာ၊ မျိုးချစ်အားနှင့်ကာကွယ်ပါ ဆောင်ပုဒ် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာတွန်းများပါ လက်ကမ်းစာစောင်များကို မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်လင်းနှင့် ဝန်ထမ်းများက ပေးဝေခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)