တွံတေးမြို့နယ်၌ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တွံတေး ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးမှူးရုံးမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို  ဇန်နဝါရီလ ၄ ရက်နေ့ နေ့ယ်() နာရီအချိန်က မြို့နယ်မီးသတ်စခန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၊ အဖွဲ့ဝင်() ဗိုလ်မှူး ဇာနည်မောင်က သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် ယခုသင်တန်းဖွင့်ပွဲမှ အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းမှ  စာတွေ့နှင့် လက်တွေ့ပညာရပ်အား ()ပတ်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ရပ်ကွက်နှင့် ကျေးရွာများတွင် မကြာခဏကြုံတွေ့ရသော မီးဘေးအန္တရာယ်နှင့် မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေးများ ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရေးနှင့်  ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့်  မီးငြှိမ်းသတ်ရေး ပညာရပ်များ၊  လက်နက်မဲ့ အခြေခံ စစ်ရေးပြသင်တန်း၊ အသက်ကယ်ဆယ်ရေး ပညာရပ်များ၊ လတ်တလော မီးဘေး အန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ယခုသင်တန်း အား  မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြ တာဖြစ်ကြောင်း ရှင်းလင်းပြော ကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်သန်းက သင်တန်းဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား (၅၀)အတွက် ဝတ်စုံ (၅၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်()ဗိုလ်မှူး ဇာနည်မောင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်သန်းတို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ သို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်()နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တွံတေးသား