လောက်ကိုင် ဇန်နဝါရီ ၅
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄နာရီ မိနစ် ၂၀ က လောက်ကိုင်မြို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲရုံး ရှေ့ကွင်းပြင်၌ ကျင်းပသည်။
နံနက် ၇ နာရီတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲနှင့် သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနားကို ကျင်းပသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှပေးပို့သော(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ဦးခင်မောင်လွင် က ကိုးကန့်−မြန်မာ နှစ်ဘာသာဖြင့် ဖတ်ကြားသည်။
အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသ/ခရိုင်/မြို့နယ် တာဝန်ရှိသူများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား လောက်ကိုင်ဒေသ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အခမ်းအနားသို့ တက်ရောက်လာသူများကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လောက်ကိုင်ဒေသ(ပြန်/ဆက်)