ကော့မှူး ဇန်နဝါရီ ၅
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အလေးပြုပွဲ အခမ်းအနားကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် အ.ထ.က ကော့မှူးကျောင်းရှေ့တွင် မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက နံနက် ၄ နာရီ မိနစ် ၂၀ တွင် ခရာမှုတ်၍ နိုင်ငံတော်အလံတင်လွှင့်ထူပြီး သေနတ်ကိုင်မြှောက် ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပြည်သူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတင်ခဲ့ပြီး ဦးညွတ်အလေးပြု ကြခဲ့သည်။
ဆက်လက်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့သစ်ရပ်ကွက် အ.ထ.က ကော့မှူးကျောင်း အစည်းအဝေးခန်းမ၌နံနက် ၇ နာရီအချိန်တွင် ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ဖတ်ကြားခဲ့သည်။ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများတက် ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)