ကွမ်းလုံမြို့၌ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကွမ်းလုံ ဇန်နဝါရီ ၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့၌ မြို့တွင်းလမ်းများကောင်းမွန်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ ကွမ်းလုံမြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် မြို့တွင်းလမ်းများအား အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ကျပ် (၉၃၅၄၀၀၀) သိန်း ဖြင့်ဆောင်ရွက်သည့် မြို့ပြလမ်းတံတားများအနက် အရှည် ၂၄၀ ပေရှိသည့် သာသနာပြုအတက် လမ်း မူလအကျယ်(၁၂)ပေ ကတ္တရာလမ်းအား ထပ်မံ၍ အကျယ်(၂)ပေ တိုးချဲ့ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးခင်မောင်တင့်၏ကြီးကြပ်မှုဖြင့် တာဝန်ခံ အင်ဂျင်နီယာ ဦးဇာနည်မောင်နှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ ဒေသခံပြည်သူများမှ ပိုမိုလွယ်ကူချောမွေ့စွာ သွားလာ နေပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)