ကျိုက်လတ် ဇန်နဝါရီ ၅
၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနား နှင့် အလံအလေးပြုခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ၂၀ မိနစ်က ကျိုက်လတ် မြို့နယ် ပြည်သူ့အားကစားကွင်းရှိ လွတ်လပ်ရေး ကျောက်တိုက်ရှေ့၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်ဇေယျ၊ အဖွဲ့ဝင် ဗိုလ်မှူး ရဲမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များ တက်ရောက်၍ နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် ကျဆုံးလေ ပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့်တပ်ဖွဲဝင် အပေါင်းတို့အားအလေးပြုခဲ့ကြသည်။
ထို့နောက် နံနက် ၇ နာရီ တွင် ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျက ဖတ်ကြားခဲ့သည်။
အဆိုပါ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာများမှ ပြည်သူများ တက် ရောက် ခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “ သတင်းစကား” လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ဌေးဌေးလှိုင်