လဲချား ဇန်နဝါရီ ၅
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ယမန်နေ့နံနက် (၈)နာရီအချိန်က ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များကို မြို့မစျေး၊ ပျံကျစျေးနှင့် လူစည်ကားသော နေရာများတွင် ဖြန့်ဝေခဲ့သည်။
အဆိုပါ “ပန်းခင်း” စီမံချက်လက်ကမ်းစာစောင်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားရန်အတွက် ပြည်သူများမှ ကူညီရမည့်ကိစ္စများ၊ နိုင်ငံသားကတ် မှတ်ပုံတင်ရှိခြင်းဖြင့် လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝ မြှင့်တင်မည့် အကြောင်းအရာများ၊ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် အချက်များကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံး မြို့နယ် ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများမှ ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင်