အုတ်တွင်း ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်န ဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့မအားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက တက်ရောက်ချီးမြှင့် အားပေးခဲ့ပြီး အားကစား ပြိုင်ပွဲများဖြစ်သော မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀၊ ဘောလုံးဂိုးကျဉ်း၊ ကြက်တောင်ရိုက် ပြိုင်ပွဲများတွင် ဆုရရှိသော အားကစားသမားများအား တာဝန်ရှိသူ အသီးသီးက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)