လားရှိုး ဇန်နဝါရီ ၅
လားရှိုးမြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် ကျင်းပခဲ့သည်။
အဆိုပါ အလွတ်တန်းခြင်းလုံးခတ်ပြိုင်ပွဲကို လားရှိုးမြို့ ရပ်ကွက်(၁၂)ရပ်ကွက်မှပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုအဖြစ် Shwe Nine အသင်းမှလည်းကောင်း၊ ဒုတိယဆုအဖြစ် ပါရမီအသင်းမှ လည်းကောင်း၊ တတိယဆုအဖြစ် ဘိုဘိုအသင်းမှ လည်းကောင်းရရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွန်ဆွဲပြိုင်ပွဲ၊ ဖယောင်းတိုင်မီးမှုတ်ပြိုင်ပွဲနှင့် ဂုံနီအိတ်စွပ်ပြေးပြိုင်ပွဲများကျင်းပရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး