ကျိုက်လတ် ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့နေ့လယ် (၁၂) နာရီကျင်းပ ပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပြီး ဒို့ကျေးရွာဂျာနယ်တွင် လွန်းပိုးအိမ်ရေးသားသည့် လွတ်လပ်ရေး၏ တန်ဖိုးနှင့်အနှစ်သာရ ဆောင်းပါးပါအကြောင်းများ ဆွေးနွေးပြောကြားခဲ့ပြီး၊ ရုပ်သံကျွမ်းကျင် (၃) ဒေါ်ဝင်းပပအောင်က သတင်းစကား လက်ကမ်းစာစောင်တွင် ဖိုလေးလုံးသောင်းကိုကို ရေးသားသည့် “တို့များဆင်မြန်း လွတ်လပ်ပန်း” ကဗျာကို ရွတ်ဆိုခဲ့သည်။
မြို့နယ်ရုံးအနေဖြင့် အသိပညာပေး တင်ဆက်မှုများကို Online မှတဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းနှင့် အသိပညာပေး Talk Show များ ဆောင်ရွက်ပေးခြင်းများကို ကျိုက်လတ်မြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဌေးဌေးလှိုင်
ကျိုက်လတ်(ပြန်/ဆက်)