မြင်းမူ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနသည် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ရေပြင်အသက်ကယ်ရှာဖွေခြင်း၊ မီးလောင်မှုများ ငြိမ်းသတ်ခြင်းအပါအဝင် အထပ်မြင့် အဆောက်အဦများတွင် မီးလောင်မှုဖြစ်စဉ်များနှင့် ငလျင်လှုပ်ခတ်ခြင်းကြောင့် ပိတ်မိနေသော ပြည်သူများ၏ အသက်ကို ခေတ်မီနည်းပညာသုံးပ စ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရေးအတွက် ဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အချိန်နှင့်နေရာမရွေးဖြစ်ပေါ်လာနိုင်သည့် မီးလောင်းခြင်း၊ ရေကြီးခြင်း၊ တောင်ပြိုခြင်း ငလျင်လှုပ်ခတ်ခြင်းစသည့် မျှော်မှန်းမရနိုင်သည့် ဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးမှု နည်းပါးစေရေးနှင့် ရှာဖွေကယ်ရေး လုပ်ငန်းများတွင် ခေတ်မီပစ္စည်းများ အသုံးပြုရသည့်အတွက် မီးသတ် ဝန်ထမ်းများ အနေဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးရန်မှာ အရေးကြီး လာကြောင်း၊ ယင်းကြောင့် လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ မြို့နယ် မီးသတ် ဦးစီးဌာနမှူး ဦးကျော်ကျော်ဦးထံမှ သိရသည်။
ယနေ့လေ့ကျင့်ရာတွင် အထပ်မြင့်အဆောက်အဦးတွင် ငလျင်ဒဏ်ကြောင့် ပိတ်မိနေ ပြည်သူများ၏ အသက်ကို ရှာဖွေကယ်ဆယ်ခြင်း လေ့ကျင့်ဖြစ်ကာ မြေပြင်သို့ ချောမောစွာ ကယ်ထုတ်ခြင်းကို လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ (မြင်းမူ)