လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယူနစ်ပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးနှင့် Analog အိမ်သုံးမီတာများမှ Digitalမီတာများသို့ ပြောင်းလဲ တပ်ဆင်နိုင်ရေးအတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ယမန်နေ့ နံနက်ပိုင်းက သစ်ပင်၊သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ကြွေးကျန်ကျဆင်းရေး၊ မီးဖြတ်ဆောင်ရွက်ခြင်းနှင့် ဓာတ်အား ပြတ်တောက်မှု မရှိစေရေးတို့အတွက် ပုသိမ်လမ်း Boc မှတ်တိုင်မှ ပီမိုးနင်းလမ်းအထိ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့် ပန်းဉယျာဉ်အဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရပ်ကွက်၊ကျေးရွာများသို့လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် သစ်ပင်၊သစ်ကိုင်းများ အား ခုတ်ထွင်ရှင်းလင်းရေးနှင့် Digital မီတာများဖတ်ရှုနိုင်ကြောင်းကို မြို့နယ် လျှပ်စစ်ရုံးမှ လျှပ်စစ်မန်နေဂျာ ဦးလှမြင့်မှ ပြောကြား ခဲ့ကြောင်း သိရသည်။
ခင်ဝင်းမူ