ပုလော ဇန်နဝါရီလ ၆
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင်အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရာ ယနေ့ နံနက်(၉)နာရီခွဲက အထက-၁ ပုလောမြို့တွင် အသက် (၁၂) နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့၀င်များကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ၀န်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ၀န်ထမ်းများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ပုလောမြို့နယ်တွင် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် (၁၂) နှစ်အထက် ကျောင်းသား/သူများအပြင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် ဒေသခံပြည်သူများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် သတ်မှတ်နေရာမျာထားရှိ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။
အေးအေးမော် (ပုလော)