ကျိုက်ဒုံ ဇန်နဝါရီ ၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ မြို့ရိုးတောင် ဝင်းလုံချောင်း၊ သံကူကွန်ကရစ်တံတား တည်ဆောက်ရာ၌ လယ်တောကြီးကျောင်းဆရာတော်၊ ရွာလုံးတောင် ကျောင်းဆရာတော်တို့မှ ဦးဆောင်ပြီး အများတကာ ကောင်းမှု ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဝင်းလုံချောင်း သံကူကွန်ကရစ်တံတားသည် လယ်တောကြီးကျေးရွာ၊ ရွာလုံတောင်ကျေးရွာ၊ ဘုရားတောင်ကျေးရွာမှ ကျိုက်ဒုံမြို့ပေါ်သို့ သွားလာရန်အတွက် ဆက်သွယ်ထားသော တံတားဖြင့် ပြီး ကျေးရွာနေပြည်သူများ ရာသီမရွေး အသုံးပြုသွားလာနိုင်စေရေးအတွက် တည်ဆောက်လျက်ရှိရာ တံတားပေအရှည် (၁၀၀)ပေ၊ အမြင့်(၃၀)ပေ၊အကျယ်(၁၄)ပေရှိပြီး တံတားတည်ဆောက်ရာမှာ (၆၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ရာနှုန်းပြည်ပြီးစီးအောင် ဆောင်ရွက်နိုင်စေရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)