ကျိုင်းလပ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျိုင်းလပ်     ဇန်နဝါရီ     ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြည်သူ့ဆေးရုံ၌ တရုတ်နိုင်ငံထုတ် (SINOPHARM) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ နိုင်ငံ့ ဝန်ထမ်း (၂)ဦး၊ အသက် (၂၀) မှ (၆၅)နှစ်အထက် ဒေသခံပြည်သူ ကျား (၈၆)ဦး၊ မ (၉၇)ဦး၊ စုစုပေါင်း (၁၈၅)ဦးတို့အား မြို့နယ်ဆရာဝန် ဒေါက်တာ ရာဂျန်း၊ ဒေါ်မေသီတာထွန်း (သူနာပြု)၊ ဒေါ်ခိုင်ဝါမွှေး (သူနာပြု)နှင့် ဒေါ်ဟန်သူဇာမောင် (ကြီးကြပ်-၂)တို့မှ ထိုးနှံပေးခဲ့ရာ ဆေးလုံးရေ (၉၂.၅)လုံး သုံးစွဲခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း