အိမ်မဲ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်စဉ် (၂၉) ၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို တာဝန်ရှိသူများက ယနေ့၌ ဆက်လက်၍ ဒုတိယအကြိမ်မြောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးရာ၌ ယနေ့နံနက်ပိုင်းတွင် ရေသိုးညောင်ဝိုင်းကျေးရွာ၊ ပါရမီဒေါင့်ကျေးရွာ၊ ရုံးတောကျေးရွာ၊ တကောကျေးရွာနှင့် နေ့လယ်ပိုင်းတွင် ချောင်းဝရပ်ကွက်၊ အင်းမကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ကန်ကြီးဒေါင့်ကုန်းကျေးရွာ၊ ယနေ့နံနက်ပိုင်း တွင်ဘုရားကြီးကုန်းကျေးရွာ၊ ဂယက်ကြီးကျေးရွာ၊ ဇရပ်ကွင်းကျေးရွာ၊ ကျုံခရီကျေးရွာနှင့် နေ့လယ်ပိုင်းတွင် ကန်ကြီးဒေါင့် ကျေးရွာ၊ အထက်ပိုင်းရပ်ကွက်ကွက်၊ ကျိုက်ပိကျေးရွာ၊ ရာဇူရိုးကျေးရွာ၊ ဇန်နဝါရီလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် သဖန်းပင်ဆိပ်ကျေးရွာ၊ ချောင်းဖျား ကျေးရွာ၊စာဖြူဆိပ်ကျေးရွာ၊ ခတ္ထိယကျေးရွာနှင့် နေ့လယ်ပိုင်းတွင် သရက်ပင်ကွင်းကျေးရွာ၊ အိမ်မဲကြီးရပ်ကွက်၊ ညောင်ငူကျေးရွာ၊ အိုင်ကြီးကျေးရွာ၊ ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် သပြေကွင်းကျေးရွာ၊ ကမန်းအုန်းပင်စုကျေးရွာ၊ ရေငံကွင်းကျေးရွာ၊ အင်းတမိ ကျေးရွာနှင့် နေ့လယ်ပိုင်းတွင် ထိန်ငူကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ လယ်ပေါ်ရပ်ကွက်၊ စာချွန်ခံရပ်ကွက်တို့မှ ပြည်သူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)