စဉ့်ကိုင်မြို့နယ်တွင်အသက်(၈၅)နှစ်အထက်သက်ကြီးအဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

စဉ့်ကိုင်  ဇန်နဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ (၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လတို့အတွက် အသက်(၈၅)နှစ်နှင့် အထက်  သက်ကြီး ဘိုးဘွားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ  ထောက်ပံ့ငွေများပေးအပ်ရာတွင်   မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန    ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးဝင်းဝင်းစိုးက  သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွားအုပ်စု  အုပ်ချုပ်ရေးမှူး များအား အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး  ရပ်ကွက်/ကျေးရွာအုပ်စု  (၅၂)အုပ်စု အတွင်းရှိ အသက် (၈၅)နှစ် အထက် သက်ကြီးဘိုးဘွား(၇၁၁)ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေကျပ်  (၃၀၀၀၀)နှုန်းဖြင့်   စုစုပေါင်း ထောက်ပံ့  ငွေကျပ် (၂၁၃၃၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်