Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လမ်းမတော်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်
Jan 10,2022
အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေရေးအတွက် ယနေ့နံနက် (၉း၀၀) အချိန်က မော်တင်ယာယီဈေးရပ်ကွက်၊ ဘုန်းကြီးလမ်းနှင့် ကမ်းနားကွန်ကရစ်လမ်းထောင့်တွင် ယာဉ် စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်တွင် အခြေခံမြန်မာ့သိုင်းသင်တန်းဖွင့်လှစ်သင်ကြားပေး
Jan 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ် များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်းပြီး အခြေခံမြန်မာ့သိုင်းသင်တန်းကို ဇန်နဝါရီ ၈ ရက်နေ့မှစ၍ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြ ကျေးရွာရှိ ဘောလုံးအားကစားကွင်း၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် နိုင်ငံခြားသားခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 10,2022
အင်းလေးကန် ရေရှည်တည်တံ့စေရေး၊ အင်းလေးဒေသတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ စည်ပင်သာယာရေး လုပ်ငန်းများဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၁) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်၌ ( Mask Campaign) ပြုလုပ်ဆောင်ရွက်
Jan 10,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူ များနေအိမ် ပြင်ပထွက်တိုင်း(Mask) မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေး(MaskCamapaign)ကို ယနေ့နံနက်က လူစည်ကားရာနေရာများဖြစ်သော လှိုင်မြို့နယ် (၁၂)ရပ်ကွက် အင်းစိန်လမ်းရှိ လှိုင်ရတနာဈေးတွင် ဆောင်ရွက်ခဲ့သည်။ ပါးစပ်/ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်ရာတွင် ဈေးရောင်းသူများအား စနစ်တကျ(Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး Maskတပ်ဆင်ခြင်းမရှိသူများနှင့် ပြည်သူများအား Maskအခု၁၀၀၀ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ (MaskCanpaign) ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်
Jan 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ မိုးရာသီကာလအတွင်း ဖြစ်ပေါ်လေ့ရှိသော ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့်ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်လမ်း လှိုင်ရတနာ ဈေးရှေ့တွင် အမြင့်တင့်တယ်၍ သန့်ရှင်းသပ်ရပ်မှုရှိစေရန် အမှိုက်များ၊ ရွက်ကြွေများ ရှင်းလင်းခြင်းနှင့် အုပ်မိုးသစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းအား စုပေါင်းဆောင်ရွက်ခဲ့ သည်
အပြည့်အစုံ ဖတ်ရန်
မကွေးခရိုင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 10,2022
၂၀၂၂ခုနှစ်၊ မကွေးခရိုင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅)နှစ် အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာနမှ ဝန်ထမ်းများကအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ဆက်လက် ထိုးနှံပေး
Jan 10,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရန်နှင့် လျော့ကျစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၉)နာရီ အချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ)အကြိမ်ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23104
Page
23105
Page
23106
Page
23107
Current page
23108
Page
23109
Page
23110
Page
23111
Page
23112
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department