Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ခေါဇာမြို့၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ
Jan 11,2022
ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး နေ့ထူးနေ့မြတ်များ အကြောင်းကို သိရှိလာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ မော်လမြိင်ခရိုင်၊ ခေါဇာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများအား မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်နှိုးဆော်
Jan 11,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင်အသက်(၁၈)နှစ်အထက်နှင့်(၄၀)နှစ်အထိရှိသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက်(၁၈)နှစ်အထက်နှင့်(၄၀)နှစ်အထိရှိသူများအား ကာကွယ် ဆေးထိုးစုရပ် ဖြစ်သည့်အမှတ်(၃) ရပ်ကွက် ၊မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်ထွေ/အုပ်ရုံး ဟောင်းရှေ့)တွင် နံနက်(၀၉း၀၀)နာရီအချိန်မှ(၁၃း၃၀)နာရီထိ Sinopharm Second Dose ကို ထိုးနှံသူ(၉)ဦး၊ Sinovac(2Dose)Second Doseထိုးနှံသူ(၄၁၆)ဦး၊ Covishield First Doseထိုးနှံသူ(၂၃၁)ဦး စုစုပေါင်း(၆၅၆)ဦးကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Jan 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉း၀၀) နာရီအချိန်ကအမှတ်၁၂ ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံ၀န်း လှိုင်ကုသရေးစင်တာ၌ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး (Covishield)အမျိုးအစားကို ပထမအကြိမ် ထိုးနှံပေးပြီး (Sinopharm)အမျိုးအစားကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရေန် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 11,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်ရည်သွေး ထက်မြက်စေရန် ရည်ရွယ်ပြီး ဆေးရောင်ခြယ် ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်၄၀နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေး
Jan 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်၄၀ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ ကျိုက္ကဆံ ဘုရားဝန်းအတွင်းရှိ ဓမ္မဗိမ္မာန်တော်၌ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က (သုဝဏ္ဏ)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်
Jan 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ် စေရန်၊ စဉ်းစားတွေးခေါ်မှုများ ရင့်သန်လာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများထံသို့ စာအုပ်၊ စာစောင်များအား နယ်လှည့်ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့တွင် အိုမီခရွန်အကြောင်း အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 11,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23100
Page
23101
Page
23102
Page
23103
Current page
23104
Page
23105
Page
23106
Page
23107
Page
23108
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department