ရသေ့တောင် ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်ရည်သွေး ထက်မြက်စေရန် ရည်ရွယ်ပြီး ဆေးရောင်ခြယ် ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စံထွန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။
ယင်းနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့က သတ်မှတ်ရုပ်ပုံများအား ဆေးရောင်ခြယ်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဆဌမတန်းမှ မစုစုဝေအား လည်းကောင်း၊ ဒုတိယဆုရရှိသည့် သတ္တမတန်းမှ မအေးယုခင်အားလည်းကောင်း၊ ပူးတွဲ တတိယဆုရရှိသည့် စတုတ္ထတန်းမှ မမြတ်နိုးမေနှင့် မရွှေရည်မိုးတို့အား လည်းကောင်း မြို့နယ် ဦးစီးမှူးက ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)