သင်္ဃန်းကျွန်း ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ် စေရန်၊ စဉ်းစားတွေးခေါ်မှုများ ရင့်သန်လာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများထံသို့ စာအုပ်၊ စာစောင်များအား နယ်လှည့်ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က အ.ထ.က (သုဝဏ္ဏ) ကျောင်းသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင် သည့် ပြည်သူများနှင့် ကလေးများအတွက် Online မှ တစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာ ရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စက္ကူခေါက်ခြင်း၊ အသိပညာပေး Talk Show အစီအစဉ် များကို ရိုက်ကူးတင်ဆက်ပေးခြင်းတို့အပြင် စာဖတ်ပရိတ်သတ်များ လက်ဝယ်အရောက် စာအုပ် စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)