ခေါဇာမြို့၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ

ခေါဇာ ဇန်နဝါရီ ၁၁

ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး နေ့ထူးနေ့မြတ်များ အကြောင်းကို သိရှိလာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ မော်လမြိင်ခရိုင်၊ ခေါဇာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊  နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြုလုပ်သည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတွင် ပြိုင်ပွဲဝင်ကလေးငယ်များက မိမိတို့စိတ်ကြိုက် ဆေးရောင်ခြယ်ကြကာ ပြသထားသော နံရံကပ်စာစောင်အား ကြည့်ရှုကြပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လေ့လာဖတ်ရှု ခဲ့ကြကြောင်း သိရသည်။

ခေါဇာ(ပြန်/ဆက်)