သုံးခွမြို့နယ်တွင် အသက်၁၈နှစ်အထက် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးရန် ကျန်ရှိ‌သူ ပြည်သူများအားကာကွယ်ဆေးထိုးနှံရန် အသိပေးလိုက်လံနှိုးဆော်

သုံးခွ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား အိန္ဒိယနိုင်ငံထုတ် (Covicshield)ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် (ဒုတိယအကြိမ်)ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံကြရန် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များက မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူများ၊ အသက်(၄၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများ၊ အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊  သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊  ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကားဆရာများ၊ (ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားဝင်ငွေ ရရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက် ကုန်ပစ္စည်းရောင်းချသူများ၊ စားသောက်ဆိုင် လက်ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့်မသန်စွမ်းများအား မြို့နယ်အားကစားခန်းမ၌ ထိုးနှံပေးကြောင်း အသံချဲ့စက်ဖြင့်နှိုးဆော်ခဲ့ကြသည်။

သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး first Dose ထိုးနှံပြီးသူ(၉၂၉၄၆)ဦး၊ second Dose ထိုးနှံပြီးသူ (၈၃၃၂၅)ဦးရှိပြီးရာ ခိုင်နှုန်းအနေဖြင့် ၈၀.၅၀% ရှိကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်