ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက မကြီးကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ လက်ထောက် မြို့နယ်မှူး ဦးကျော်မင်းထွန်း က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ပြုလုပ်ဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စနစ်တကျ ထိန်းသိမ်း၍ ကိုင်တွယ် အသုံးပြုရန် အချက်များကို အသိပညာပေး ပြောကြားသည်။
ထို့နောက် လက်ထောက်မြို့နယ်မှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေကတ်ပြား မပြုလုပ်ရသေးသူ(၃၂)ဦး၊ လဲလှယ်(၁၂)ဦး၊ စုစုပေါင်း(၅၄)ဦးတို့အား အထောက်အထားများ စိစစ်ကာ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်ဖြင့် ကျန်ရှိသည့် ကျေးရွာများအရောက် ဆက်လက်၍ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုချိုဝင်း(ပြန်/ဆက်)