ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး၊ အသက်မွေးဝမ်းကျောင်းမှု အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ် သည့် တစ်လုံးထိုးအင်ဂျင်စက် ပြုပြင်မွမ်းမံခြင်း သင်တန်းဖွင့်ပွဲကို၊ ယနေ့နံနက်(၉)နာရီက အဆိုပါရုံးတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းမှု အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ခွင့်ပြုရန်ပုံငွေ (၂.၅) သန်းဖြင့် တစ်လုံးထိုးအင်ဂျင်ပြုပြင်ခြင်း သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပြီး၊ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့် အမှာစကား ပြောကြားသည်။ ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက သင်တန်းဖွင့်လှစ်ပေးရခြင်းရည် ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ဦးစီးအရာရှိက သင်တန်းစည်းကမ်းများနှင့် သင်တန်းအချိန်စာရင်းတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက် လာသည့် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် မြို့နယ်ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက သင်တန်းစတင်သင်ကြားနေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် စီမံကိန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းသို့ ကျေးရွာ(၁၀)ရွာမှ တစ်ရွာလျှင် (၂) ဦးနှုန်းဖြင့် စုစုပေါင်းသင်တန်းသား (၂၀) ဦး တက်ရောက်ကြ၍ သင်တန်း ကာလမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖြစ်ကြောင် သိရပြီး၊ ဝါရင့်စက်ပြင်ဆရာ(၂)ဦးမှသင်ကြား ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
နေအောင် (ပြန်/ဆက်)