အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် စာအုပ်ပြပွဲနှင့် ဓာတ်ပုံပြပွဲပြုလုပ် ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်း ကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင် ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို (၁၀)ရက်နေ့ မှ (၁၁) ရက်နေ့ထိ နှစ်ရက်ကြာ ကညင်ချောင်းကျေးရွာ သာသနာ့မဏ္ဍိုင်ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
Jan 12,2022
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Center)၌ Youth Club ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါစင်တာရှိ အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) နှင့်ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းများကို ဝါးခယ်မ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ ကရပ်ကွက်များအတွင်း ယနေ့နံနက် (၁၀)နာရီက လှည့်လည် နှိုးဆော်ခဲ့ကြောင်းသိရသည်။
Jan 12,2022
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ဇန်နဝါရီ ၁၀ ရက် (ယမန်နေ့) နေ့လည်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ တောင်မန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု၊ ကိုင်းတောကြီးကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုနှင့် မင်းဘူးခရိုင် ထွေ/အုပ်ရုံး စုပေါင်းရုံး လေးထပ်ဆောင် ဆောက်လုပ် နေမှုအခြေအနေများကို သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center)၌ ယမန်‌နေ့မွန်းလွှဲ (၁)နာရီအချိန်က စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 12,2022
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအား သတိပြုကာကွယ် နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတို့သည် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြင်းဘက်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။
Jan 12,2022
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် "အိုမီခရွန်" အကြောင်းသိကောင်းစရာများ အကြောင်း ကိုပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍  အိုမီခရွန်အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။