အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယ​နေ့​ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ     အထက(၂)လသာ ကျောင်းဝင်းအတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။
Jan 12,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင်း မလာရောက်နိုင်ကြသော ကျောင်းသား/သူများနှင့် ကလေးသူငယ်များအတွက် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ချက်ဖြင့် တနင်္သာရီမြို့နယ်ပြည်သူ့စာကြည့်တိုက် Page မှာ Online မှတစ်ဆင့်ပညာပေးအစီ အစဉ်များနဲ့ ပုံမှန်ပညာပေးလွှင့်တင်ပေးလျက်ရှိရာ ယခုတစ်ပတ်အတွက် ပုံပြင်ပြော အစီအစဉ်ကို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကို အခြားသောနိုင်ငံများတွင် ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ် ထိတ်လန့်မှု မရှိစေရေး ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေး နှိုးဆော်ကြေညာခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက် များတွင်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 12,2022
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက ရေထွက်ကျေးရွာအုပ်စုသို့ လှည့်လည် အသိပညာပေး နှိုးဆော်ကြေညာခဲ့သည်။
Jan 12,2022
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က မီးဘေးကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပ ခဲ့ကြောင်း သိရသည်။
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီအချိန်က  ကျင်းပခဲ့ သည်။
Jan 12,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ဇန်နဝါရီ ၁၂ ရက်နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များက ပူးပေါင်း၍  စာရေးဆရာအောင်သင်းရေးသားထားသည့်  “ကျောင်းသားလူငယ်တွေနှင့် အခြား ဆောင်းပါးများ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၄၁၆)ဦးအား ယနေ့နံနက် (၈)နာရီ ၃၀ မိနစ်အချိန်က ကြံခင်းမြို့နယ် ရွှေပြည်အေး(၁၁)ထပ် ဘုရားကြီးတန်ဆောင်းအတွင်း ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovace ) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်းသိရသည်။