ရေကြည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ၌ စာအုပ်စာစောင်ပြပွဲကျင်းပ

ရေကြည်    ဇန်နဝါရီ  ၁၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center)၌ ယမန်‌နေ့မွန်းလွှဲ (၁)နာရီအချိန်က စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲပြုလုပ်ပေးခြင်းဖြင့်မြို့နေပြည်သူများ၊ ကျောင်းသားလူငယ်များ ညဏ်ရည်ညဏ်သွေး ထက်မြက်စေရန်နှင့်စာဖတ်ရှိန်မြှင့်မားလာစေရေး၊  စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် အတွေးအခေါ်အမျှော်အမြင်များတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ စာအုပ်စာစောင်ပြပွဲတွင်  ဗဟုသုတများ စွာရရှိစေမည့် သုတ၊ ရသ စာအုပ်စာများကို ခင်းကျင်းပြသခဲ့ရာ ပြည်သူများ၊ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)