ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိုမီခရွန်အကြောင်းသိကောင်းစရာအသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်

ကမမောင်း    ဇန်နဝါရီ   ၁၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် "အိုမီခရွန်" အကြောင်းသိကောင်းစရာများ အကြောင်း ကိုပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍  အိုမီခရွန်အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ယဉ်ယဉ်‌အေးက (TalkShow)ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း‌ပြော ကြားပြီး၊ ကျေးလက်ကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းယုဝေက အိုမီခရွန်အကြောင်း သိကောင်းစရာများ၊ ဗိုင်းရပ်စ်သစ်တွေ့ရှိကြောင်း WHO ကြေညာချက်၊ အိုမီခရွန်ရောဂါလက္ခဏာများ၊ ပြည်ပနိုင်ငံများနှင့် အိုမီခရွန်၊ အိုမီခရွန်၏ ထူးခြားသောအချက်များ၊ မိမိကိုယ်ကို ကာကွယ်ရမည့် အချက်များကို Online မှ တစ်ဆင့် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)