Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လောင်းလုံးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 12,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဉာဏ်ဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီ အချိန်က ပြင်ချောင်းကျေးရွာအုပ်စု၊ မြခါးပတ်ကျေးရွာ၊ အ-မ-က ကျောင်း၌ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Covishield )များ ပထမအကြိမ်ထိုးနှံပေး
Jan 12,2022
မိတ္ထီလာမြို့နယ်အတွင်းရှိရပ်ကွက်ကျေးရွာအုပ်စုများတွင်နေထိုင်ပြီးကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုး ရန်ကျန်ရှိသူများအားယနေ့ ယနေ့ နံနက် ၉ နာရီအချိန်က စတင်ပြီး သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ် များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Covishield ) များ ပထမအကြိမ် ထိုးနှံပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ လူတုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူတုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်ကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jan 12,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ် ဆိုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀) နှစ်နှင့် အထက် ပြည်သူများအား (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူ(၇၂၁)ဦးအား ဆ/ကရပ်ကွက်၊ ကျိုက္ကဆံဘုရားဝင်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေး
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနသို့ ယနေ့နံနက် ၁၁ နာရီ ချိန်က Mobileစ နစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jan 12,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ကျေးရွှေတမာစာပေမဂ္ဂဇင်းစာအုပ်မှ စာရေးဆရာမ မသီတာ(စမ်းချောင်း)ရေးသားထားသော" ယဉ်ကျေးမှုကို ဆင်ခြင်ရအောင်" ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Hand Speaker ဖြင့် လိုက်လံနှိုးဆော်
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီအချိန်၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေထိုးနှံစေရေးအတွက် မြို့နယ်အတွင်း လှည့်လည် နှိုးဆော်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23074
Page
23075
Page
23076
Page
23077
Current page
23078
Page
23079
Page
23080
Page
23081
Page
23082
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department