လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အသိပညာပေးဟောပြော ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း)   ဇန်နဝါရီ   ၁၃

ရန်ကုန်တိုင်းဒေသကြီး၊  မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ''လူမှုဘဝပြည့်စုံစေဖို့  နိုင်ငံသားကတ်ကိုင်ကြစို့ ''ဆောင်ပုဒ်နှင့်အညီ ရပ်ကွက်/ ကျေးရွာများရှိ မိဘပြည်သူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြား၏ တန်ဖိုးနှင့် လူမှုဘဝလုပ်ဆောင်မှု ကိစ္စရပ်များ ဆောင်ရွက်တိုင်း အသုံးဝင်မှုကို ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်ရန် ပြည်သူများထံ အသိပညာပေး စည်းရုံးဟောပြောခြင်းကို မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းမှ ပြောကြားခဲ့ပြီး မန်နေ့နံနက်(၁၀)နာရီအချိန်၌ အမှတ်(၁၅)ရပ်ကွက် ဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်  အိမ်ထောင်စုလူဉီးရေစာရင်းကို  ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ ဆောင်ရွက် ပေးလျက်ရသည်။ မိမိတို့မွေးဖွားဇာတိမြေအမြဲနေထိုင်လျက် အိမ်ထောင်စုလူဉီးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဉီးရေစာရင်း မရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အမှတ်(၁၅)ရပ်ကွက်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (၁၅)ဦးကို ကွင်းဆင်းဆောင်ရွက် ပေးလျက် ရှိကြောင်းကို  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူး ဦးခင်မောင်ထွန်းမှ ပြောကြားကြောင်း သိရှိရသည်။

ခင်ဝင်းမူ