သီပေါ ဇန်နဝါရီ ၁၃
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူလေးများ၏ ရင်ထဲတွင် ပြည်ထောင်စုနေ့သည် မမေ့ မလျော့အပ်သော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း သိရှိစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပင်လုံစာချုပ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ ပြီး ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)