ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းရွာသစ်   ဇန်နဝါရီ(၁၃)

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ(၄.၉)သန်းဖြင့် အရှည်(၅၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆) လက်မရှိပြီး တာဝန်ရှိသူများတို့၏ စနစ်တကျလမ်းညွှန်မှုနှင့် ကျေးရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာနေပြည်သူများ ၏ လမ်းပန်းဆက်သွယ်ရေး ယခငကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)