အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိပြည်သူများကိုဗစ်-၁၉မျိုးရိုးဗီဇကွဲအသစ် အိုမီခရွန်ရောဂါကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းများတွင်အသိပေးနှိုးဆော်ခြင်းကို မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများကHand Speakerဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
Jan 13,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ “ ချစ်နိုင်(စိတ်ပညာ) “ ရေးသားထားသည့် “ ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ န၊  ဝန်ထမ်းများက ယနေ့ နံနက် (၁၀)နာရီအချိန် က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဟိုင်း ကြီး ရွာသစ်ကျောင်း ၊ Grade 4 အတန်း သို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်း ပေးခဲ့ကြသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ ဦးထွန်းလှရေးသားသည့် ''ဘာလဲဟဲ့လောကဓံ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။ 
Jan 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ယမန်နေ့ နံနက်(၁၀)နာရီက  မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး ဆွေးနွေးပွဲ(Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက သာယာဝတီ ခရိုင် “ပန်းခင်းစီမံချက်” လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊  ကိုဗစ်-၁၉ရောဂါကူးစက်မှုများ မဖြစ် ပေါ်စေရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်မာ ဘာသာနှင့် ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်း အများပြည်သူများသိရှိနိုင်စေရန် အတွက် ကမော့ကချူးကျေးရွာအတွင်းအသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။