ကံမ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက်၊ မြို့ပတ် လမ်းသွယ်(၁)ရှိ သစ်သားတံတားအား ရေစီးရေလာပိုမိုကောင်းမွန်စေရန်အတွက် ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆောင်ရွက်နေသော ကွန်ကရစ်တံတားမှာ အရှည် ၁၈ ပေ ၊ အနံ ၃ ပေနှင့်အနက် ၃ ပေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ ကျပ် ၁၅ သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်ထံမှသိရသည်။
ကျော်ဇေယျဝင်း(ကံမ)