အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ရဲမွန်ကျေးရွာအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်း ရဲမွန်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ဘိုးဘွားများ လက်ဝယ် အရောက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
Jan 13,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆီးချို၊ သွေးတိုး ရောဂါ ဝေဒနာရှင် မိဘပြည်သူများအား ကျန်းမာရေး(အခမဲ့)ကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်း မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ကို Online မှတစ်ဆင့် ဆောင်ရွက် ပေး လျက်ရှိကြောင်း သိရသည်။
Jan 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
Jan 13,2022
ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာ‌စေရန်နှင့် Mask Campaign ကို ယနေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့မဈေးနှင့် လူစည်ကားရာ​နေရာများ၌ ဆောင်ရွက်ခဲ့သည်။
Jan 13,2022
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်များအတွက် ရရှိရထိုက်သော အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က  ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 13,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ်တွင် ကမ္ဘာ့ကုသသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆန်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၇)ရပ်ကွက် ဓမ္မာရုံ၌ တစ်ရက်ကို အိမ်ထောင်စု(၂၀၀၀)နှုန်းဖြင့် အိမ်‌ထောင်စုတစ်စုကို ဆန်တစ်အိတ်နှုန်းစီ ထောက်ပံ့လျက် ရှိသည်။
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကော့လှိုင်းကျေးရွာတွင် အလှူ့ဒါယကာ ဦးသောင်းငြိမ်းနှင့် အလှူ့ဒါယကာမ ဒေါ်နန်းကျင် မိသားစုတို့မှ တရားဟောပလ္လင်၊ ဗီဒိုနှင့် ပိဋကတ်သုံးပုံ လှူဒါန်းခြင်းအတွက် အကြို ညတရားဓမ္မပူဇာသဘင်ပွဲကို ယမန်နေ့ည(၇)နာရီအချိန်က စတင်ကာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။